Google Play Store မှ Application များအား PC (computer) မှ Download ဆွဲနည်း
Google Play Store မှ Application များအား PC (computer) မှ
Download ဆွဲနည်း
ကျနော့် ရဲ့ Blog လေးတွင် Post များမတင်ဖြစ်တာကြာပါပြီ ခုတစ်ခါ တော့ Google Play Store တွင်
တင်ထားသော Application များကိ Computer မှ Download ဆွဲနည်းလေးပဲဖြစ်ပါတယ်ဗျာ..............
Google Play Store မှ Application များကို Computer မှဒေါင်း လော့ ဆွဲမည် ဆိုလျှင် ပထမဆုံး အောက် မှ
Link လေး ထဲသို့ ဝင်ပေး ရန်လိုအပ်ပါသည်။
Google Play Application
Download Link << ဒီနေရာကို နှိပ်ပါ >>
အထက် မှ ပုံအတိုင်း မြင်ရ လျှင် Visit Play Store သို့ဝင်ပေးပါ။ New Tab တစ်ခု ပေါ်လာပါမည်။
မိမိ လို ချင်သော Application ကို အောက်မှပုံ အတိုင်း Google Play ၏ Search Box တွင် ရိုက်ရှာပါ။
မိမိ ဒေါင်းလော့ ဆွဲ ချင်သော Application ကို တွေ့လျှင် အောက်မှ ပုံအတိုင်း ထို Web Page ရှိ
Address Bar မှ Link ကို Copy ကူးပါ။
ထို Link ကို Copy ကူးရာတွင် အောက်မှ ပုံ အတိုင်း Link တစ်ကြောင်းလုံး ကို Copy ကူးနိုင်သည်။
အောက် မှပုံ အတိုင်း မိမိ လို ချင်သော Application File ၏ Link သီးသန့် Copy ကူး လျှင်လည်း ရသည်။
မှတ်ချက် ။ ။ ထို Copy ကူးနည်း နှစ်မျိုးတွင် တစ်နည်း နှင့် အဆင်မပြေ လျှင် တစ်နည်း နှင့် ကူးပါ။
ပြီးလျှင် မိမိ Copy ကူးလာသော Link အား ပထမ ဆုံး ကျနော်တို့ ဝင်ခဲ့ သော Page တွင်ရှိသော
Package name or Google Play URL တွင်အောက်တွင်ပြထားသော ပုံအတိုင်း Paste လုပ်ပါ။
ပြီး လျှင် Generate Download Link ကို Click ပေးပါ။
အောက်မှ ပုံ အတိုင်းပေါ်လာ လျှင် အစိမ်းရောင် လေးထောင့်ကွက်ရှိ
Click here to download (application Package name ) now ကို နှိပ်ပြီး Download ဆွဲနိုင်ပါသည်။
အောက် တွင်ရှိသော ပုံအတိုင်း Box တစ်ခုကျလာလျှင် Save File ကို Select ပေးပြီး Ok နှိပ်ပေး လိုက်ပါ
Download ဆွဲသွားပါလိမ့် မည်။
Haniplast Mobile Technology
My Facebook >> Today's Haniplast
My Phone NO. >> 09-452366898
................လိုအပ်ချက် လေးတွေ များရှိ ခဲ့လျှင် ဝေဖန် အကြံပြု ပေးခဲ့ကြပါ ကျေးဇူးတင်ပါသည်.................
ဆရာ Honor4x Android 6.0 နဲ့ပတ်သက်တဲ့ Root တို့ Recovery တို့တွေ့ရင်လည်း တင်ပေးပါဦးနော် ..
ReplyDelete